စလင်းမြို့နယ်ရှိ သက်ကြီးဘိုးဘွားများအတွက် နေအိမ်ပြုပြင်ဆောက်လုပ်ရန် အလှူငွေများလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်ရှိ သက်ကြီးဘိုးဘွားများအတွက် နေအိမ်ပြုပြင်ဆောက်လုပ်ရန် အလှူငွေများလှူဒါန်း



MNP - အောက်တိုဘာ  ၂၅


မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအတွက် နေအိမ်ပြုပြင် ဆောက်လုပ်နိုင်ရန် အလှူငွေ ထောက်ပံ့လှူဒါန်းပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင်ဦးကျော်ဆန်းနှင့် ရပ်မိရပ်ဖများက သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက် အလှူငွေများ သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ထိုသို့ နေအိမ်ပြုပြင်ရန်အတွက် အလှူငွေများ ထောက်ပံ့လှူဒါန်းရာတွင် စလင်းမြို့နယ် ကြို့ဝန်းကြီးကျေးရွာမှ အသက် ရ၇ နှစ်အရွယ် အဘွား ဒေါ်တင်ညိုအတွက် အလှူငွေကျပ် ၁၅၀၀၀၀ ၊ စလင်းမြို့နယ် တည်ဘိုကန်ကျေးရွာမှ အသက်(၈၅)နှစ်အရွယ် အဘွားဒေါ်ထင်အတွက် အလှူငွေကျပ် ၁၇၀၀၀၀ ၊ တည်ဘိုကန်ကျေးရွာမှ အသက်(၈၉)နှစ် အရွယ် အဘွားဒေါ်လှဝင်းအတွက် အလှူငွေကျပ် ၁၇၀၀၀၀ တို့အား ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင် ဦးကျော်ဆန်းက ကျေးရွာရပ်မိရပ်ဖများနှင့်အတူ အလှူရှင်ကိုယ်စား အိမ်တိုင်ရာရောက် သွားရောက်ပြီး အသီးသီးထောက်ပံ့လှူဒါန်းပေးခဲ့သည်။


ထို့အပြင် သက်ကြီးဘိုးဘွားများ စားသောက်ရေးအဆင်ပြေစေရန်အတွက် စလင်းမြို့နယ် ကြို့ဝန်းကြီးကျေးရွာနှင့် တည်ဘိုကန်ကျေးရွာရှိ သက်ကြီးဘိုးဘွား(၇)ဦးအတွက် အဘိုးအဘွားတစ်ဦး လျှင် ငွေကျပ် နှစ်သောင်းဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးပစ္စည်းများကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း အဆိုပါ တစ်ကိုယ်တော် ပရဟိတအကျိုးတော်ဆောင် ဦးကျော်ဆန်း က ပြောကြားခဲ့သည်။


ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအသင်းအနေဖြင့် ရပ်ဝေးရပ်နီးမှ စေတနာ အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ပွင့်ဖြူမြို့နယ်၊ စေတုတ္တရာမြို့နယ်နှင့် စလင်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ဆင်းရဲနွမ်းပါးသော ဝင်ငွေနည်း အိမ်ထောင်စုများကို ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ စားဝတ်နေရေး အဆင်ပြေစေရန်နှင့် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခြင်း၊ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများ လှူဒါန်းပေးခြင်း၊ ခြုံစောင်နှင့် အဝတ်အထည်များ ထောက်ပံ့လှူဒါန်းပေးခြင်း၊ နေအိမ်ပြုပြင်ဆောက်လုပ်ရန် အလှူငွေများ ထောက်ပံ့လှူဒါန်းခြင်းများကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး ရပ်ဝေးရပ်နီးမှ ကုသိုလ်ပါဝင် လှူဒါန်းလိုသူများအနေဖြင့် အဆိုပါ တစ်ကိုယ်တော် ပရဟိတအကျိုးတော်ဆောင် ဦးကျော်ဆန်း၊ ဖုန်း - ၀၉ - ၂၅၆၃၁၈၁၆၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)