သီတင်းကျွတ်လပြည့်နေ့၌ စစ်တွေမြို့ပွိုင့်ကမ်း‌ခြေနှင့် ဟိုတယ်ကမ်းခြေတို့တွင် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သီတင်းကျွတ်လပြည့်နေ့၌ စစ်တွေမြို့ပွိုင့်ကမ်း‌ခြေနှင့် ဟိုတယ်ကမ်းခြေတို့တွင် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ

 




MNP - အောက်တိုဘာ   ၁၀

သီတင်းကျွတ်လပြည့်နေ့ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်တွင် စစ်တွေမြို့ ပွိုင့်ကမ်းခြေနှင့် ဟိုတယ် ကမ်းခြေတို့တွင် အပန်းဖြေ အနားယူသူများဖြင့် စည်ကားများနေသည်ကို တွေ့ရသည်။


စစ်တွေမြို့၌ တနင်္ဂနွေနေ့များတွင် စစ်တွေမြို့ ပွိုင့်ကမ်းခြေနှင့် စစ်တွေ ဟိုတယ်ကမ်းခြေတို့တွင် ပုံမှန်အားဖြင့် အပန်းဖြေကြသူများ ရှိသော်လည်း ယခုကဲ့သို့ သီတင်းကျွတ်လပြည့်နေ့ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက် များမှာ စစ်တွေတက္ကသိုလ်၌ အဝေးသင်တက်ရန် ရောက်ရှိနေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ခရီးသွား ပြည်သူများ၊ စစ်တွေမြို့ပေါ် ရပ်ကွက် အသီးသီးနှင့် စစ်တွေမြို့နယ် ကျေးရွာများမှ မိသားစုများ၊ သူငယ်ချင်း မိတ်ဆွေများသည် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်ရေကစား အပန်းဖြေသူ များဖြင့် စည်ကားလျက် ရှိသည်ကို တွေ့ရသည်။


“ကျနော်တို့က ဝန်ထမ်းတွေဆိုတော့ အခုလို သီတင်းကျွတ် လပြည့်နေ့မှာ ဘုရားသွားပြီး ကုသိုလ် ကောင်းမှုတွေ လုပ်ကြတယ်၊ ပြီးရင်မိသားစုနဲ့ အပန်းဖြေဖို့ ပွိုင့်ကမ်းခြေကို လာကြတာပါ၊ စစ်တွေ ဟိုတယ်ကမ်းခြေနဲ့ ပွိုင့်ကမ်းခြေက သာယာအေးချမ်းပြီး အနားယူလို့ အလွန်ကောင်းတဲ့ ကမ်းခြေ တစ်ခုဖြစ်ပါတယ်၊ အခုလို ရုံးပိတ်ရက်လေးတွေမှာ မိသားစုကို အချိန်ပေးပြီး ကမ်းခြေမှာ ကလေးတွေလည်း ပျော်ပျော်ပါးပါး ကစားလို့ရသလို လူကြီးတွေလည်း အနားယူအပန်း ဖြေဖို့ ထွက်လာကြတာပါ၊ သာယာလှပတဲ့ စစ်တွေမြို့ ပွိုင့်ကမ်းခြေကို အနယ်နယ်အရပ်ရပ်က သူငယ်ချင်းတွေကိုလည်း ရုံးပိတ်ရက်မှာ လာရောက် လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်က ဦးဇော်ထွန်းက ပြောသည်။


သီတင်းကျွတ်ကာလ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက် များတွင် စစ်တွေမြို့၌ ဘုရား၊ ကျောင်းကန် သွားကြသူများ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများ ရှိသကဲ့သို့ ပွိုင့်ကမ်းခြေနှင့် ဟိုတယ် ကမ်းခြေတွင် ပျော်ရွှင်စွာ အနားယူ အပန်းဖြေ နေကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)