MNP - အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ဆရာ ကြီး၊ ဆရာမကြီးများအားပညာရေး စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မား တိုးတက်စေရေးအတွက် မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက် နံနက် ၉ နာရီက ကျောက်တန်းမြို့ အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(၁)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးက ပညာရေးဌာနသည် အရေးကြီးသည့်ဌာနတစ်ခု ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် အခြေခံပညာဦးစီးဌာန(ရုံးချုပ်)မှစီမံခန့်ခွဲမှုစွမ်းဆောင် ရည်မြှင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကိုတက် ရောက်ခဲ့ပြီး မြို့နယ်အတွင်းရှိဆရာကြီး ဆရာမကြီးများကို မြို့နယ်အဆင့်(ဆင့်ပွား)အလုပ်ရုံဆွေးနွေးပွဲပြန်လည် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းတစ် ကျောင်းတွင်ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၏စီမံခန့်ခွဲမှုသည် အရေးကြီးကြောင်း၊ ယုံကြည်ချက်ခိုင်မာမှု၊ ခံယူချက်မှန်ကန်မှုကြိုးစား အားထုတ်မှုများ ပေါင်းစပ်နိုင်မှသာဘဝကို အောင်မြင်စွာ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်တာဝန်နှင့်စည်းကမ်းများကို တန်ဖိုးထား လေးစားလိုက်နာ ကာဆရာကျင့်ဝတ်များနှင့် အညီအရည်အချင်းပြည့်ဝသည့် လမ်းပြကြယ် များဖြစ်အောင်ကြိုးစား ဆောင်ရွက်ကြရန် အကျယ်တဝင့် ရှင်းလင်း ပြောကြား ခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ကျောက်တန်းမြို့နယ် အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၁၃၂) ဦးတက်ရောက်ကြပြီး ဆွေးနွေးကို(၂)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment