Pages

Pages

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၁၃


ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က  ဦးဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသား/ သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


ရှေးဦးစွာ  ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်များအရ အောက်တိုဘာ ၁၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အဖြစ် သတ်မှတ်ကာ နိုင်ငံအသီးသီးတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြပြီး  မိမိတို့နိုင်ငံတွင်လည်း  ၂၀၁၀ ခုနှစ်မှ စတင်ကာ  နိုင်ငံတော်အဆင့် အခမ်းအနား တစ်ရပ်အနေနဲ့ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊  ယခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အတွက် သတ်မှတ်ထားသော ဆောင်ပုဒ်မှာ “ကြိုတင် သတိပေး ထုတ်ပြန် ချက် ဆောလျင်ဆောင်ရွက် အားလုံးတွက် “ Early Warning and Early Action For All” ဖြစ်ကြောင်း၊  သဘာဝဘေးအန္တရာယ်ကို စီမံခန့်ခွဲဆောင်ရွက်ရာမှာ ကြိုတင်သတိပေးချက်နှင့် အချိန်နှင့် တပြေးညီရရှိရေးဟာ အရေးကြီးကြောင်း၊ အဆင့်ဆင့်သောဌာန၊ အဖွဲ့အစည်းများအနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်များကို မြေပြင်စီမံခန့်ခွဲဆောင်ရွက်သူများအနေနဲ့ ပြည်သူလူထုဆီကို အချိန်နှင့်တစ်ပြေးညီ ရောက်ရှိနိုင်ရေး အမျိုးမျိုးသော ဆက်သွယ်ရေးနည်းလမ်းများကို အသုံးပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ရခိုင်ပြည်နယ်သည် တည်နေရာအနေအထားအရ သဘာဝသယံဇာတ အရင်းအမြစ်များ ကြွယ်ဝသကဲ့သို့  သဘာဝဘေးအန္တရာယ်များ ကျရောက်ဖြစ်ပွားလေ့ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး၊ ပြည်နယ်အတွင်း ဘေးအန္တရာယ်ကျရောက်ဖြစ်ပွားမှုအခြေအနေများ၊ နိုင်ငံတော်မှ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့မှုများ၊  ပြည်နယ်၊ ခရိုင် ၊ မြို့နယ်အဆင့် Command Posts များ ဖွင့်လှစ်ခြင်း၊ သတင်းအချက်အလက်များ ရယူဖြန့်ဝေခြင်း၊ အသိပညာပေးခြင်း၊ သဏ္ဍာန်တူလေ့ကျင့်ခြင်း၊ အရေးပေါ်ထောက်ပံ့ ကူညီရေးပစ္စည်းများ ကြိုတင်စုဆောင်းခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ပစ္စည်းများအသင့်ထားရှိကြောင်း၊ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့်တို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။  


ထို့နောက်  ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Mami  Mizutori ၏ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သတင်းစကား ဗီဒီယိုနှင့် မှတ်တမ်းဗီဒီယိုများအား ပြသခဲ့ပြီး  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသား/ သူများနှင့် တာဝန်ရှိသူများ  ခင်းကျင်းပြသထားသော ဓာတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသူများက ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment