Pages

Pages

ပန်းတနော်မြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 



MNP - အောက်တိုဘာ   ၁၃


ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူးမှ ကလေးသူငယ်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးနေသည့် ကိစ္စရပ်များနှင့် ကလေးဟူသည့် ဝေါဟာရ၊ ကလေးသူငယ်အခွင့်အရေးသမိုင်းဝင် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အခွင့်အရေးအမျိုးအစားများ၊ လွပ်လပ်စွာ ကြီးပြင်းစေခြင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေ စသည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းဆွေနွေးခဲ့ကြောင်း သိရသည်။


ထို့နောက်တက်ရောက်လာကြသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များက မိမိတို့တာဝန်ယူ ဆောင်ရွက်ပေးနေသည့် ကလေးသူငယ်ကိစ္စရပ်များအား ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - ပြည့်ဖြိုးကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment