သီတင်းကျွတ်လပြည့်နေ့တွင် သံတွဲမြို့ရှိ သမိုင်းဝင်တန်ခိုးကြီးစေတီဘုရားများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့်အထူးစည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

သီတင်းကျွတ်လပြည့်နေ့တွင် သံတွဲမြို့ရှိ သမိုင်းဝင်တန်ခိုးကြီးစေတီဘုရားများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့်အထူးစည်ကား





MNP - အောက်တိုဘာ ၁၀


သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့သည်၊ ပုရိမဝါကပ်၍ ဝါကျိုး၊ ဝါပြတ်ခြင်း မရှိသည့် သံဃာတော်များ စုပေါင်း၍ပြုရသော သံဃာ့မဟာပဝါရဏာနေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သည်။


ယနေ့ကျရောက်သည့် သီတင်းကျွတ်လပြည့်နေ့နံနက်တွင် အနယ်နယ်အရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်များသည် ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်၍  ဆရာတော်ကြီးများအား့ပူဇော်ကန်တော့ကြကာ ဥပုသ်သီလဆောက်တည်ကုသိုလ်ယူကြပြီး ညနေပိုင်းတွင် သမိုင်းဝင် တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမျှော်ကြည်ညိုကြပြီး ပန်းဆီမီးရေချမ်းများ ကပ်လှူပူဇော်ကြသဖြင့် သံတွဲမြို့ရှိသမိုင်းဝင်တန်ခိုးကြီး ရွှေဆံတော်၊ ရွှေနံတော်စေတီနှင့် ရွှေအံတော် စေတီတော်မြတ်တို့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ အေးချမ်းသာယာစွာဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ဘုရားဖူးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)