အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ



MNP ၊ အောက်တိုဘာ ၂၂

(၄၁) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး၊ (၁၀) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ (၁၇)ရက်မှ (၂၀)ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည်။


အောက်တိုဘာ (၂၀) ရက်တွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်/ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်နှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။


အောက်တိုဘာ (၂၀) ရက် နံနက်ပိုင်းတွင် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု နေ့ကို “Stronger Together in Balancing Action to Enhance Localisation for Disaster Resilience” ခေါင်းစဉ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး၊ (၁၀) ကြိမ်မြောက် အာဆီယံ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဆက်လက် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာဝန်ကြီးများ၊ အာဆီယံနိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့သည်။


အဆိုပါအစည်းအဝေး၌ နိုင်ငံအလိုက် ရှင်းလင်းဆွေးနွေးသည့်အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အာဆီယံဒေသတွင်းနိုင်ငံများသည် နှစ်စဉ်သဘာဝ ဘေးအန္တရာယ် အမျိုးမျိုး ရင်ဆိုင်လျက်ရှိခြင်းနှင့်အတူ အဆိုပါဘေးအန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်ခြင်းဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်မှုဖြစ်လာစေရန် နိုင်ငံအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီး ပူနွေးလာမှုဖြစ်စဉ်များကို ရင်ဆိုင်နေရသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် သဘာဝဘေးများလည်း ဖြစ်ပွားလာလျက် ရှိပါကြောင်း၊ ယင်းဘေးများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စေရန်အတွက် အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အတူ နိုင်ငံအတွင်း ရရှိနိုင်သော နည်းပညာ၊ အရင်းအမြစ်များအသုံးပြုကာ အားလုံးပါဝင်သော နည်းလမ်းဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း ကနဦးဆွေးနွေးခဲ့ပြီး လတ်တလော အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်သေဆုံးမှုနှင့် ဘေးသင့်ပြည်သူများအား လူသားချင်းစာနာ ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးသည်။


ယင်းနောက် အာဆီယံ(၁၀)နိုင်ငံမှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများနှင့်  တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့မှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီး အဆင့်အစည်းအဝေးများကို သီးခြားစီကျင်းပခဲ့ရာ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲကြေညာချက်များနှင့်စပ်လျဉ်း၍ အပိုင်းအလိုက်၊ အခန်းကဏ္ဍအလိုက် ဆွေးနွေးအတည်ပြု ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။


အဆိုပါအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများဖြစ်သော အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ (၄၁) ကြိမ်မြောက်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့ရာ  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ အကောင်အထည်ဖော်နေမှု၊ သဘာဝဘေး၊ လူကြောင့်ဖြစ်သောဘေးများကြောင့် ဘေးသင့်သူများအား နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပံ့ပိုးကူညီထောက်ပံ့မှု၊ အာဆီယံနှင့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်မှုကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေနွေးကာ ရှေ့ဆက်ပူးပေါင်း အကောင်အထည်ဖော်မည့်လုပ်ငန်းများကို သဘောတူညီမှုများရယူခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)