Pages

Pages

ပုလောမြို့နယ်၌ (တတိယအကြိမ်) စိုက်ပျိုးရေးသုံး ယူရီးယားဓာတ်မြေသြဇာအိတ် (၄၀၀)ကို ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ



MNP - အောက်တိုဘာ   ၁၃


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌  ၂၀၂၂ခုနှစ်၊ မိုးစပါးစိုက်ပျိုး တောင်သူများအား (တတိယအကြိမ်) ယူရီးယားဓာတ်မြေသြဇာများ ဈေးနှုန်းချိုသာစွာဖြန့်ဖြူးပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီ၌ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက  နိုင်ငံ တော်မှဈေးနှုန်းချိုသာစွာ ရောင်းချပေးသောယူရီးယား ဓာတ်မြေသြဇာများကို စနစ်တကျအကျိုးရှိစွာ အသုံးချရန်၊ သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ  မျိုးကောင်းမျိုးသန့်များကိုရွေးချယ်၍ နည်းမှန်၊ လမ်းမှန်ဖြင့် စိုက်ပျိုးခြင်းဖြင့် မိမိတို့ဝင်ငွေ တိုးတက်ရေးကို ကြိုးစားဆောင်ရွက်ရန် အဖွင့်မှာစကားပြောကြားခဲ့သည်။


ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂ခုနှစ်၊ မိုးစပါးစိုက်ပျိုး တောင်သူများကို တစ်ဧလျှင်တစ်အိတ်နှုန်းဖြင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် အိတ်ရေ (၈၀၀)ကို ဖြန့်ဖြူး ရောင်းချပေးနိုင်ခဲ့ပြီး တတိယအကြိမ်တွင် ၄၀၀ အိတ်ကို ထပ်မံဖြန့်ဖြူးရောင်းချပေးခဲ့ရာ စုစုပေါင်းအိတ် ၁၂၀၀ ကို ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။


စိုက်ပျိုးသူ တောင်သူများအနေဖြင့် သီးနှံဖြစ်ထွန်းအောင်မြင်စေဖို့ ဓာတ်မြေဩဇာသည် မရှိမဖြစ်သော အစာတစ်ခုဖြစ်ကြောင်း၊ ယူရီး ယားဓာတ်မြေသြဇာကို ပြင်ပ၌ တစ်အိတ်လျှင် တစ်သိန်းကျော် ပေးဝယ်ရကြောင်း၊ ယခုလိုနိုင်ငံတော်မှ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးတဲ့အတွက်များစွာကျေးဇူးတင်ဝမ်းမြောက်မိကြောင်းနှင့် စိုက်ပျိုးသူ တောင်သူများအားလုံး  ဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေး ထပ်မံဖြည့်တင်းပေးစေလိုကြောင်း တောင်သူ ဦးထွန်းဝေက ပြောသည်။


သတင်း - အေးအေးမော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment