Pages

Pages

တံတားမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး



MNP - အောက်တိုဘာ   ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့ နံနက် (၈) နာရီအချိန်က သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည်။


အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထက်တန်း သူနာပြုဆရာမကြီး ဦးဆောင်၍ ဝန်ထမ်းများက အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် သက်ကြီးဘိုးဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ ရာသီတုပ်ကွေးနှင့် ဖျားနာခြင်းများအတွက် ဆေးဝါးကုသပေးခြင်းစသည့် အထွေထွေကျန်းမာရေးစောက့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ရာ ယနေ့တွင် ဘိုးဘွားတစ်ရာကျော်လာရောက် ဆေးကုသစစ်ဆေးမှု ခံယူခဲ့ကြသည်။ ထိုသို့လုပ်ဆောင်ပေးခြင်းကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရသော မိသားစုများအနေဖြင့် မိမိတို့၏ ဘိုးဘွားများအား ပြင်ပဆေးရုံဆေးခန်းများတွင် ဆေးကုသစရိတ်မတတ်နိုင်၍ အိမ်တွင်ဆေးမှီးတိုဖြင့် ကုသဆောင်ရွက်ခဲ့ရသော အခက်အခဲများမှ လွတ်မြောက်ခဲ့ရကြောင်းနှင့် ယခုလိုအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သော ဆရာမကြီးနှင့်တကွ ဝန်ထမ်းများပိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဆေးကုသစစ်ဆေးမှု ခံယူနေသော ပြည်သူတစ်ဦးထံမှ သိရသည်။


သတင်း - ဖြိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment