ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



MNP - အောက်တိုဘာ ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို  ယနေ့ နံနက် ၉ နာရီတွင် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာ အထကခန်းမတွင် ကျင်းပခဲ့ သည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတွင် ပုသိမ်ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းဦးက ပညာရေး ဆိုင်ရာစီမံ၊ ဘဏ္ဏာနှင့် ပညာအထွေထွေကဏ္ဏဆိုင်ရာ ကိစ္စရပ်များအား အသေးစိတ်ဆွေးနွေးခဲ့ပြီး မြို့နယ် ပညာရေးမှူး ဒေါ်တင်မေသန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့သည်။     


အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းနှင့် အလယ်တန်းကျောင်း အုပ်ကြီး(၄၃)ဦး၊ မူလတန်းကျောင်းအုပ် ၁၅၁ ဦး၊ စုစုပေါင်း ၁၉၄ ဦးတို့ တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအား ပုသိမ်ခရိုင် ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းသန်းဦးနှင့် ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်မြို့နယ်၊ ငပုတောမြို့နယ်၊ သာပေါင်းမြို့နယ် ပညာရေးမှူးတို့က စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စီမံကိန်း၊ ကြီးကြပ်အကဲဖြတ် ဘာသာရပ်များအား နံနက် ၉ နာရီမှ ညနေ ၅ နာရီ အချိန်ထိ၊ အောက်တို ဘာလ ၂၅ ရက်နေ့ မှ ၂၆ ရက်နေ့အထိ (၂) ရက်တာ ဆွေးနွေးပို့ချသင်ကြားသွားမည်ဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သတင်း - မဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)