လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

 


MNP - အောက်တိုဘာ  ၂၅


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနက ဒေသအတွင်း အမျိုးသမီးငယ်များ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြိုင်ကြီးငူအထူးဒေသ အမျိုးသမီး အိမ် တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါသင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်က သင်တန်းသူများအနေဖြင့် စက်ချုပ်ပညာများရပ်ကို တတ်မြောက်ကျွမ်းကျင်ပြီး မိမိဒေသအတွင်းတွင် စက်ချုပ်ပညာဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ကိုင်နိုင်စေရန်၊ သင် တန်းတွင် သင်ကြားသော စက်ချုပ်ပညာရပ်များဖြင့် စွမ်းစွမ်းတစ်မံကြိုးစားသင်ယူရန်နှင့် အဆင့်မြင့်စက်ချုပ်ပညာရပ်များကို တတ် မြောက်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သည်အထိ ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြိုင်ကြီးငူအထူးဒေသ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ် ဒေါ်နန်းစန်းစန်းဝင်းမှ သင်တန်းဖွင့်လှစ်ရ ခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။


လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ သင်တန်းသူ(၃၀)ဦးဖြင့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၅.၁၀.၂၀၂၂)ရက်နေ့မှ(၂၄.၃.၂၀၂၃)ရက်နေ့အထိ ရက်သတ္တပတ်(၂၂)ပတ်ကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စောဒိ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)