Pages

Pages

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးနှင့်ဗဟိုအဆင့်) ပြိုင်ပွဲများတွင် မအူပင်ခရိုင်ကိုယ်စားပြု ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

 



MNP - အောက်တိုဘာ  ၂၉


(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးနှင့်‌ဗဟိုအဆင့်) ပြိုင်ပွဲများတွင် မအူပင်ခရိုင်ကိုယ်စားပြု ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကား ပြောကြားပြီး မအူပင်ခရိုင်အနေဖြင့် ဗဟိုအဆင့် ဒုတိယဆုရရှိသော ဆုဖလားအား အဖွဲ့ခေါင်းဆောင်ဦးကျော်ဝင်းစိုးက ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ပါသည်။ ဆက်လက်၍ ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ပါ သည်။ မအူပင်ခရိုင်အနေဖြင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၆)ခု၊ ငွေတံဆိပ် (၃)ခု၊ ကြေးတံဆိပ် (၂)ခု ရရှိခဲ့ပြီး ဒုတိယဆုငွေဖလားအားရရှိခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment