Pages

Pages

(၃၄)နှစ်မြောက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အကြို ကုသိုလ်ပြုလုပ်ငန်းများ ဆောင်ရွက်

 



MNP - အောက်တိုဘာ  ၂၉


(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မအူပင်မြို့နယ်အတွင်းရှိ ဘုရား‌၊ ကျောင်း၊ ကန်၊ စေတီပုထိုးများနှင့် မအူပင် ဘိုးဘွားရိပ်သာတို့တွင် ကုသိုလ်ပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းမှ ဦးဆောင်၍ ထွေ/အုပ်ဝန်ထမ်းများက ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ ဘုရားရင်ပြင်‌တော်သန့်ရှင်း‌ရေး ဆောင်ရွက်ခြင်း၊  ခရိုင်သာသနာ့ ဗိမာန်တော်အတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ မအူပင် ဘိုးဘွားရိပ်သာ၌ အဟာရဒါန ကျွေးမွေးလှူဒါန်းခြင်းနှင့် တိုးမြစ်အတွင်းသို့ ဇိဝိတဒါနအနေဖြင့် ငါးကောင်ရေ သုံးသိန်းကျော် ဘေးမဲ့လွှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment