မိုင်းယောင်းတွင် မြေငှားဂရန်အတွက် လျှောက်ထားမြေနှင့်ပတ်သက်၍ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းယောင်းတွင် မြေငှားဂရန်အတွက် လျှောက်ထားမြေနှင့်ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်

 



MNP - အောက်တိုဘာ  ၁၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြေငှားဂရန်အတွက် လျှောက်ထားမြေနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ယမန်နေ့တွင် မုန်းလိုက်ကျေးရွာအုပ်စု၊ မုန်းလိုက်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် လမ်းမကြီးနယ်နိမိတ်အတွင်း ပါဝင်နေသော နေအိမ် ၂၀ အား ဥပဒေနှင့်အညီဖြစ်စေရေး၊ ကျေးရွာမြေငှားဂရန် ပေးအပ်နိုင်ရေးအတွက် မြေငှားဂရန် လျှောက်ထားသည့် မြေနေရာများနှင့် ပတ်သက်သည့် အချက်အလက်များ၊ လျှောက်ထားသူ တင်ပြသည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို လမ်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)