Pages

Pages

ပြည်ခရိုင်အတွင်း နို့စားနွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေး




MNP ၊ အောက်တိုဘာ ၃၀

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း နို့စားနွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်သမဝါယမဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးမှူးများနှင့် ပြည်ခရိုင်အတွင်းမြို့နယ်များမှ 

နို့စားနွားမွေးမြူထားကြသူများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်  ၉နာရီခွဲက ပြည်မြို့ ဆည်မြောင်းရိပ်သာ ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ပြည်ခရိုင်အတွင်း နို့စားနွားမွေမြူသူများတက်ရောက်သည်။


အခမ်းအနားတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင့်သူက ပြည်ခရိုင်အတွင်း နို့စားနွားမွေးမြူထားသူများ၏ မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးရေးအတွက် မြှင့်တင်ဆောက်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး သမဝါယမဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်းကျော်မင်းက နို့စားနွားမွေးမြူထားသူများအား သမချေးငွေအပါအဝင် ဌာနမှဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် ပြည်၊ ပန်းတောင်းနှင့် ပေါက်ခေါင်းမြို့နယ်အပါအဝင် ပြည်ခရိုင်အတွင်း မြို့နယ်များမှ နို့စားနွားမွေးမြူသူများက ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိရိစ္ဆာန်အစာပင်စိုက်ပျိုးမှုအပါအဝင် ချေးငွေကိစ္စနှင့် နို့စားနွား သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ လိုအပ်သော သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ယင်းမေးမြန်းဆွေးနွေးချက်များအပေါ်  တိုင်းဒေသကြီးဦးစီးမှူးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသေးစိတ် ပြန်လည်ဆွေးနွေးဖြေကြားပေးကြသည်။


ကိုဆက်

https://t.me/MyanmarNationalPost

No comments:

Post a Comment