Pages

Pages

ဂျာမနီနိုင်ငံဆိုင်ရာ ယူကရိန်းသံတမန်သစ်က နှောင့်နှေးကြန့်ကြာနေသော ကူညီမှုများနှင့် ပတ်သက်၍ ဝေဖန်ပြောဆို



MNP ၊ အောက်တိုဘာ ၃၀

ဂျာမနီနိုင်ငံဆိုင်ရာ ယူကရိန်းသံတမန်အသစ် Alexey Makeyev က ရုရှား အထူးစစ်ရေး စစ်ဆင်ရေးနှင့် စပ်လျဉ်း၍ ယူကရိန်းအတွက် အကူအညီပေးရန် နှောင့်နှေးကြန့်ကြာနေခြင်းကြောင့် ဂျာမဏီကို ဝေဖန်ပြောဆိုလိုက်သည်။


Makeyev က ဂျာမနီ၏ နှေးကွေးသော ကူညီပံ့ပိုးနှင့် ပတ်သက်၍ "ပြိုင်ကားတစ်စီးဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၃၀ နှုန်းဖြင့် အဝေးပြေးကားလမ်းသို့သွားသည်" နှင့် နှိုင်းယှဉ်ခဲ့သည်။ "ရုရှားကို တိုက်ရာမှာ လိုအပ်တာတွေကို ပေးပို့မယ့်အစား ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို ကြန့်ကြာအောင် လုပ်ဆောင်နေတယ်။ တစ်ပတ်စောင့်၊ တစ်လစောင့်နဲ့ တကယ်တန်း ဂျာမဏီက ကူညီပေးတဲ့အချိန်မှာ အချိန်နှောင်းသွားပြီ။ တိုက်ပွဲက လက်နက်တွေနဲ့ ယှဉ်ပြိုင်နေရတာ။" ဟု ပြောဆိုသည်။

ယူကရိန်း သံတမန်အနေဖြင့် ဂျာမနီ၏ အကူအညီများကို စောလျှင်စွာ ရရှိလိုပြီး ဘာလိုချင်လဲလို့ မေးတဲ့အခါ သူက “တိုက်ခိုက်ရေးတင့်ကားတွေနဲ့ တာဝေးပစ် အမြောက်များ” လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။


Ref : Tass

https://t.me/MyanmarNationalPost

No comments:

Post a Comment