MNP - အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ငါးပြေမကျေးရွာအုပ်စု၊ အထက်ဖိုးညိုကျေးရွာတွင် အောက်တိုဘာ (၁၅)ရက် ညနေပိုင်း၌ ဆိုလာအပူရှိန်ကြောင့် မီးလောင်မှုဖြစ်ပွားရာမှ မီးဘေးသင့်၍ သေဆုံးသူအတွက် ယနေ့နေ့လယ် (၁)နာရီတွင် ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သေဆုံးသူ၏ နေအိမ်သို့ အရောက်သွား၍ သေဆုံးသူအတွက် မိသားစုဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေ ကျပ်(၃)သိန်း ပေးအပ်ခဲ့သည်။
သေဆုံးသူမှာ ဘိုကလေးမြို့နယ်၊ ငါးပြေမကျေးရွာအုပ်စု၊ အထက်ဖိုးညိုကျေးရွာ၊ လယ်မြေ ကွင်းအမှတ် (၈၀၆)တွင် နေထိုင်သူ အသက်(၇၃)နှစ်အရွယ် ဦးမော်တင်ဖြစ်ပြီး အောက်တိုဘာ(၁၅)ရက် ညနေပိုင်းတွင် ၎င်း၏ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ် ခေါင်မိုးပေါ်ရှိ (၁၀၀)ဝပ် ဆိုလာပြားမှ အပူရှိန်လွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက်အရွယ်ကြီးသူ ဖြစ်သဖြင့် မီးဘေးအား မရှောင်သာ မတိမ်းသာဘဲ မီးလောင်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။
သတင်း - မိုးစက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment