Pages

Pages

ပေါင်မြို့နယ်၌ ၂၀၂၂ ခုနှစ်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ






MNP ၊ အောက်တိုဘာ ၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌  ၂၀၂၂ ခုနှစ်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က အထကပေါင် ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပေါင်မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးက ဆရာများကို ယခုလိုဆုံတွေ့ရလို့ရင်ထဲမှာအတိုင်းမသိ ဝမ်းသာပိတိဖြစ်ရပါ‌ကြောင်း၊နောင်နှစ်တွေမှာလည်း ဆုံတွေ့ခွင်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းနှုတ်ခွန်းဆက် စကား‌ပြောကြားခဲ့သည်။


ထို့နောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့သည်။


ဆက်လက်၍ပူဇော်ခံ ဆရာကြီး၊ဆရာမကြီးများအား ဂါရဝပြုလက်ဆောင်ပေးခြင်း၊ ဆရာကြီး၊ ဆရာမကြီးများကလည်း ဩဝါဒ စကားများမြွက်ကြားခြင်းများပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ပေါင်မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများ အင်အား (၆၀၀) ဦးမှဂါရပြုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment