Pages

Pages

ပေါင်မြို့နယ်ရှိ သက်ကြီး ဘိုးဘွားများအား အလှူငွေထောက်ပံ့ခြင်းနှင့် သဘောတူညီချက်မပါဘဲ ခိုးယူပေါင်းသင်းခြင်းခံရသူအား ထောက်ပံ့ငွေပေးအပ်





MNP ၊ နိုဝင်ဘာ   ၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်ရှိ  သက်ကြီး ဘိုးဘွားများအား အလှူငွေထောက်ပံ့ခြင်းနှင့် သဘောတူညီချက်မပါဘဲ ခိုးယူပေါင်းသင်းခြင်းခံရသူအားထောက်ပံ့ငွေပေးအပ်ခြင်းကိုယနေ့နေလယ်က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံကောင်စီအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် နှင့် သထုံခရိုင် လူမှုဝန်ထမ်း မှတာဝန်ရှိသူများသည် ကျွဲခြံကျေးရွာရှိ အသက်  ၁၀၈ နှစ် ရှိ အဖိုး ဦးကာလဲပရားအားထောက်ပံ့ငွေ ကျပ်(၅၀၀၀ဝိ/-)နှင့်အဖွား ဒေါ်ငြိမ်း ၁၁၁ နှစ်အားထောက်ပံ့ငွေကျပ် (၁၅၀၀၀ဝိ/-)အားအိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်မပါဘဲ ခိုးယူပေါင်းသင်းခြင်းခံရသော မုတ္တမ(ကျွဲခြံ)နေ မစုနန္ဒာနှင်းထက် (ခ) ပန်ပန်အား တရားရင်ဆိုင်စရိတ် ထောက်ပံ့‌ငွ ကျပ်(၁၀၀၀၀ဝိ/-) အားလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment