MNP - အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် “လေးကျွန်းမာရ်အောင်စေတီတော်” တောင်ဘက် မုဒ်ဦးအောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကို သီတင်းကျွတ်လပြည့်နေ့၊ ယနေ့နံနက် ၉ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ မြို့မရုံးဦးကျောင်းတိုက်၊ လေးကျွန်းမာရ်အောင် ဗုဒ္ဓဝိဟာရဗိမာန်တော်၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ သံဃာတော် ဆရာတော်များအား ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး၊ ဆရာတော် ဦးပညိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ မုဒ်ဦးနှင့် သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှတမ်းပေးဝေကြသည်။
အဆိုပါ “လေးကျွန်းမာရ်အောင်စေတီတော်” မုဒ်ဦးကို နှစ်ဖက်မိဘများအမှူးထား၍ ကျွန်းလှမြို့၊ ပိတာက်မြိုင်ရပ်ကွက်မြိုင်၊ ဦးစက်ဟန် ဇနီး ဒေါ်သိန်းသိန်းဌေး မိသားစုတို့က လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - မျိုးဝင်းညီ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment