သီတင်းကျွတ်လပြည့်နေ့ မင်းဘူး(စကု)မြို့နယ်ရှိ အထင်ကရနေရာများတွင် ဘုရားဖူးများဖြင့် စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

သီတင်းကျွတ်လပြည့်နေ့ မင်းဘူး(စကု)မြို့နယ်ရှိ အထင်ကရနေရာများတွင် ဘုရားဖူးများဖြင့် စည်ကား

 



MNP - အောက်တိုဘာ   ၁၀


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ အထင်ကရနေရာများ၌ သီတင်းကျွတ် ရုံးပိတ်ရက်နှင့် လပြည့်နေတွင် ဘုရားဖူးများဖြင့် စညကားခဲ့ပြီး ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး၌ သီတင်းကျွတ် လပြည့် (အဘိဓမ္မာနေ့)၊ ယမန်နေ့ည ၆ နာရီအချိန်က မင်းဘူးခရိုင်နှင့် မြို့နယ် ထွေ/အုပ်ဝန်ထမ်းများနှင့် ဘုရားဂေါပက အဖွဲ့ဝင်များ ဦးဆောင်၍ ဘုရားဖူး လာရောက်ကြသူများနှင့် အတူ ဆီမီး ၁၁၀၀ ကို ဘုရားပရဝုဏ် အတွင်း ထွန်းညှိ ပူဇော်ခဲ့ကြောင်း သိရသည်။


သီတင်းကျွတ် ရုံးပိတ်ရက်များနှင့် လပြည့်နေ့တွင် မန်းရွှေစက်တော်ဘုရား၊ ရှင်ပင်စက္ကိန်းတဲ စေတီတော်၊ နဂါးပွက်တောင်တော်၊ ရှင်မင်းပူးစေတီတော်၊ ရှင်ပင်ချမ်းသာကြီး စေတီတော်နှင့် စကုမြို့ရှိ ဘုရားကျောင်းကန် စေတီပုထိုးများစသည့် အထင်ကရ နေရာများတွင် ဥပုသ်သတင်းသီလ ဆောက်တည်ကြသူများ၊ ပရိတ်၊ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ကြသူများ၊ ဒေသအလိုက် ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် အမွှေးနံ့သာတိုင် ကပ်လှူပူဇော်ကြသူများ၊ အလှူအတန်းနှင့် ကောင်းမှု ကုသိုလ် ပြုလုပ်ကြသူများအပြင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက် လည်ပတ်ကြသူ များဖြင့် စည်ကားခဲ့ပြီး မင်းဘူးမြို့အဝင် ရှုခင်းသာတွင်လည်း အမှတ်တရ မှတ်တမ်းဓါတ်ပုံ လာရောက် ရိုက်ကူးကြသူများဖြင့် စည်ကားခဲ့ကြောင်း ရှင်ပင်စက္ကိန်းတဲ စေတီတော် ဘုရားဂေါပက ဥက္ကဋ္ဌ ဦးကျော်သိန်းထံမှ သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)