ပွင့်ဖြူမြို့နယ် ရေဖြူတွင်းကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကွင်းဆင်းထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် ရေဖြူတွင်းကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကွင်းဆင်းထုတ်ချေး



MNP - အောက်တိုဘာ   ၁၉


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊  ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုနှုန်း လျော့ကျစေရန်နှင့် စားနပ်ရိက္ခာ ဖူလုံစေရန် ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် နဘဲကုန်း ကျေးရွာအုပ်စု၊ ရေဖြူတွင်းကျေးရွာရှိ မြစိမ်းရောင် စီမံကိန်း အသင်းသားများကို ဆဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ကွင်းဆင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ 


ထိုသို့ စီမံကိန်းရန်ပုံငွေများ ကွင်းဆင်း ထုတ်ချေးပေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ချေးငွေများ ပြန်လည် ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းမှ ရရှိသည့် အကျိုးကျေးဇူးများ၊ စီမံကိန်းရန်ပုံငွေများ မပျောက်ပျက်အောင် ကျေးရွာစီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များက စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားကြရန်နှင့် ငွေစာရင်းဇယားများ စနစ်တကျ ပြုစုထိန်းသိမ်း ထားရှိရန်တို့ကို ဆွေးနွေး မှာကြားသည်။


ထို့နောက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ရေဖြူတွင်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့် အတူ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ၁၂၁ ဦး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၉၉ ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၅ ဦး၊ စုစုပေါင်း စီမံကိန်းဝင် အသင်းသားဦးရေ ၂၂၅ ဦး အတွက် ဆဋ္ဌမအကြိမ်မြောက် မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ အတိုးရင်း ငွေကျပ် ၃၇ ဒသမ ၅ သန်းအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။  


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)