MNP ၊ အောက်တိုဘာ ၁၅
မြို့သန့်ရှင်းသာယာလှပရေးအပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီမှစတင်၍ သံတွဲမြို့ သမိုင်းဝင်တန်ခိုးကြီး ဗျာဒိတ်တော်ရရွှေနံတော်စေတီတော်တွင် စုပေါင်းဆောင်ရွက် ခဲ့ကြသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ စုစုပေါင်းအင်အား(၂၀၀)ခန့်က မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာနေရာ သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရှိရသည်။
ယခုလို မြို့သန့်ရှင်းသာယာလှရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုများကို အပတ်စဉ် စနေနေ့တိုင်း စုပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ထံမှသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment