မြို့သန့်ရှင်းသာယာလှပေရးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သန့်ရှင်းသာယာလှပေရးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်





MNP ၊  အောက်တိုဘာ  ၂၂

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌  မြို့ ရွာများ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် အပတ်စဉ်စနေနေ့တိုင်း  ဌာနဆိုင်ရာဝန်ထမ်းများမှ  ပြည်သူ့အကျိုးပြုလုပ်ငန်း အဖြစ်  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၇ နာရီက ရမ်းဗြဲမြို့၊ အမှတ်(၄)ရပ်ကွက်၊ခရေပင်လမ်း၊  ဦးမြဝါလမ်းနှင့်  အောင်စေတီကမ်းနားလမ်း (၃)လမ်းဆုံနေရာနှင့်  မြို့နယ်စည်ပင်သာယာရေးပန်းခြံ၊ ကလေးကစားကွင်း နေရာများတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးကြသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် လမ်းဘေးဝဲ ယာ မှစွန့်ပစ်ပလပ်စတစ်များကောက်ပေးခြင်း၊ အမှိုက်များကောက်ပေးခြင်းနှင့်ပန်းခြံနှင့်ကလေးကစားကွင်းအတွင်း မြက်များခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ကလေးကစားကွင်းတွင် ကစားရန်ရေက်ရှိလာမည့်ကလေးငယ်များ စိတ်ချမ်းမြေ့ပျော်ရွှင်စွာကစားနိုင်ရေးအတွက် သန့်ရှင်းရေးများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။ 

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှလည်း မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ပန်းခြံနှင့် ကလေးကစားကွင်းခြံစည်းရိုးများနှင့် လမ်းပလက်ဖောင်းများအား ဆေးရောင်များသုတ်ပေးလျက်ရှိသည်။

အဆိုပါ ဆောင်ရွက်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများမှစုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။


အောင်နိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)