မော်လမြိုင်မြို့ရှိ ဘုရား၊ စေတီပုထိုးများ ဘုန်းတော်ကြီးကျောင်းတို့၌ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုသူများဖြင့် အထူးစည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်မြို့ရှိ ဘုရား၊ စေတီပုထိုးများ ဘုန်းတော်ကြီးကျောင်းတို့၌ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုသူများဖြင့် အထူးစည်ကား

 


MNP -  အောက်တိုဘာ   ၉


ယနေ့သည် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ် လပြည့်နေ့၊ အဘိဓမ္မာ အခါတော်နေ့၊  သီတင်းကျွတ် ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်များဖြစ်သည်နှင့်အညီ မော်လမြိုင်မြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ ဘုန်းတော်ကြီးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက် ရှိ‌ကြောင်းသိရသည်။


ထိုသို့ ဖူးမြော်ကြည်ညိုလျက်ရှိရာ မော်လမြိုင်မြို့ပေါ်ရှိ ကျိုက်သလ္လံ ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၊ မဟာမြတ်မုနိဘုရား၊ဦဇီနဘုရား၊ ဦးခန္ဓီဘုရား၊ နဂါးမောက်စေတီတော်နှင့် အခြားဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ မိဘပြည်သူများက ဝါကျွတ်ကာလအခါသမယအဖြစ် ပန်း၊ ဆီမီးများ ပူဇော်ခြင်း၊ မြတ်စွာဘုရားရှင်အား ဖူး‌မြော်ကြည်ညိုခြင်းများကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီဖူးမြော် ကြည်ညိုကုသိုလ် ယူခဲ့ကြသည်။


မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်လမ်းများပေါ်တွင်လည်း ဘုရားဖူး ပြည်သူများဖြင့်လည်းကောင်း စည်ကားလျက်ရှိပြီး တောင်ရိုးတန်း လမ်းတစ်လျှောက် ဘုရား၊ စေတီပုထိုးတို့၌လည်း သီတင်းကျွတ် ရုံးပိတ်ရက် လာရောက်အပန်းဖြေ အနားယူကြသူများဖြင့် အထူးစည်ကား များပြားလျက်ရှိသည်။


အလားတူ ညပိုင်းတွင်လည်း  လမ်းများနှင့် ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများတပ်ဆင်ခြင်း၊  အများပြည်သူအပန်း ဖြေနေရာများ တွင်လည်းရောင်စုံမီးများဖြင့် မီးအလှများတပ်ဆင်ထားရှိပြီး ပြည်သူများလာရောက် အနားယူ အပန်းဖြေလျက်ရှိကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)