ကွမ်းခြံကုန်းမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွမ်းခြံကုန်းမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ




MNP - အောက်တိုဘာ   ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဇာတိမာန်ခန်းမ၌ ကျင်းပသည်။


အဆိုပါအခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ်အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးဦးခင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ


ဒေါ်နန့်ဆွေနွယ်ဦးနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းအေးတို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ လူငယ်စကားဝိုင်းတွင် ပညာရေးစစ်ကြောင်းမှဌာန ဆိုင်ရာအကြီးအကဲများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါကျောင်းသားကျောင်းသူများထဲမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။


ယနေ့ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


သတင်း - ဆွေနွယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)