Pages

Pages

မုဒုံမြို့နယ် ကွမ်တာ(ရွာဟောင်း)ကျေးရွာတွင် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 


MNP - အောက်တိုဘာ  ၂၄


မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်တာ(ရွာဟောင်း) ကျေးရွာအတွင်းရှိ “မေတ္တာလမ်း” ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က လမ်းအဝင်မုဒ်ဦး၌ ကျင်းပသည်။


အခမ်းအနားတွင် မော်လမြိုင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ကျေးရွာကော်မတီဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးထံ လမ်းလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းအား ပေးအပ်ခဲ့သည်။ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့ပြီး  တာဝန်ရှိသူများမှ လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါလမ်းကို မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေကျပ် သိန်း (၁၀၀)ဖြင့် အရှည် ၄၆၆ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ ကွန်ကလမ်းခင်းခြင်းကို သြဂုတ်လ တတိယအပတ်မှစတင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ကျေးရွာနေ ပြည်သူများ အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ရာသီမရွေးသွား လာနိုင်တော့မည်အပြင် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment