Pages

Pages

မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်/ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

 


MNP - အောက်တိုဘာ  ၂၄


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျောင်းပိတ်ချိန် အားလပ်ရက်များတွင်  ကျောင်းသားကျောင်းသူများ၊ ဒေသခံတိုင်းရင်းသား လူငယ်လူရွယ်များ စာအုပ်စာစောင်များနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ခင်းကျင်းပြသခဲ့သည်။


ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ဈေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ ကြည့်ရှုကြရာ နံရံကပ်စာစောင်ပြပွဲတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ပလပ်စတစ်သုံးစွဲမှု လျော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး မှတ်တမ်းဓါတ်ပုံများအား ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းနှင့် ဝန်ထမ်းများက လှည့်လည်ရှင်းလင်း ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ ကြိုက်နှစ်ရာ သုတ/ရသစာအုပ် စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လစဉ်ပုံမှန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။


သတင်း - စိုင်းမျိုးသန့်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment