ဒေသခံတောင်သူများအား မျိုးကောင်းမျိုးသန့်များ ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထားရှိသည့် မိုးနေကြာ မျိုးစေ့ထုတ်လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေသခံတောင်သူများအား မျိုးကောင်းမျိုးသန့်များ ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထားရှိသည့် မိုးနေကြာ မျိုးစေ့ထုတ်လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

 



MNP - အောက်တိုဘာ   ၁၄


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မိုးနေကြာ  မျိုးစေ့ထုတ်လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ကန်တောင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာကွင်း အမှတ် ၁၀၅၄၊ ဦးပိုင်အမှတ် ၁၅ ရှိ တောင်သူ ဦးကျော်ငြိမ်း၏ စိုက်ဧက ၃ ဧကတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။


မြို့နယ်စိုက်ပျိုးရေးဦစီးဌာနမှ ဒေသတွင်း နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးကောင်း မျိုးသန့်များ ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၌ မြို့နယ်အတွင်း၌ မိုးနေကြာမျိုးစေ့ထုတ်စိုက်ဧက ၁၀၀ ကိုစိုက်ပျိုးသွားရန် စိုက်ပျိုးမည့် တောင် သူများအား မျိုးစေ့များ အခမဲ့ ဖြန့်ဖြူးပေးအပ်ခဲ့သည်။ ထိုသို့ မျိုးစေ့များ အခမဲ့ ဖြန့်ဖြူးပေးအပ်ခဲ့ပြီး မြို့နယ်အတွင်းရှိ ကန်တောင်၊ ကွက်ငယ်၊ ရွာသစ်၊ လှည်းပွဲ၊ ကန်သာအေး၊ ကြွယ်ကန်၊ ဇရပ်ကုန်း၊ ရေချိုကျေးရွာများရှိ တောင်သူ ၆၀ ဦးက မျိုးစေ့ထုတ်မိုးနေကြာကို သြဂုတ်လ ဒုတိယအပတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိရာ ၎င်းမျိုးစေ့ထုတ် မိုးနေကြာများ စိုက်ပျိုးပြီးစီး ပြီဖြစ်သည်။ ယင်းသို့ စိုက်ပျိုးထားရှိသည့် မိုးနေကြာ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မျိုးစေ့ပိုးမွှားတာဝန်ခံ ဒေါ်စန္ဒာထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါမိုးနေကြာမျိုးစေ့ထုတ်စိုက်ဧက ၁၀၀မှ ထွက်ရှိလာသည့် မျိုးစေ့များကို ဒေသတွင်း နေကြာစိုက်ပျိုးမည့် တောင်သူများအား ပြန် လည်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)