MNP၊ အောက်တိုဘာ ၁၄
ဘုရားဖူး ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်ခြင်းအား ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒဖော်ထုတ်မှုအား ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့က မန္တလေးမြို့တွင် ကျင်းပခဲ့သည်။
ဘုရားဖူး ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်ခြင်းအား ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒဖော်ထုတ်ပွဲကို အထက်မြန်မာပြည် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး)မှ ဆရာတော်သံဃာတော်များက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို မလိုလားသော ပြည်သူများမှ ဝန်းရံပါဝင်ခဲ့ကြသည်။
" ( ၁၂ -၁၀ - ၂၀၂၂ ) (ဗုဒ္ဓဟူး)နေ့သည် "KNU , KNLA , CRPH , PDF " တို့က ဗုဒ္ဓဘာသာကို အကြမ်းဖက်သောနေ့ (သို့မဟုတ်) မြန်မာနိုင်ငံကြီးအကြမ်းဖက်ခံရသော နေ့ဖြစ်သည် " ဟု စာသားပါ ဗီနိုင်းများကိုင်ဆောင်ပြီး ဗုဒ္ဓဘာသာကို အကြမ်းဖက်သော အစွန်းရောက် လူသတ်ကောင်များ ( အလိုမရှိ )၊ KNU, KNLA ( အလိုမရှိ )၊ NUG, CRPH, PDF ( အလိုမရှိ ) ဟု ကြွေးကြော်သံများ ကြွေးကြော်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။
သတင်း/ဓါတ်ပုံ - မန္တလာသူ
https://t.me/MyanmarNationalPost
No comments:
Post a Comment