ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်များအား (၁၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်များအား (၁၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းမည်

 



MNP - အောက်တိုဘာ   ၂၁


ကရင်ပြည်နယ်အတွင်း ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ သာသနာတော်သုံးရပ် စည်ပင်ပြန့်ပွားထွန်းကား၍ သာသနာတော်ကို အထောက်အပံ့ဖြစ်စေပြီး သာသနာ့အကျိုး ရွက်သယ်ပိုးနိုင်စေရေးအလို့ငှာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဗုဒ္ဓဘာသာနွယ်ဝင်ပြည်သူများ ပူးပေါင်းပါဝင်သော (၁၉) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့် ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။


အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခင်နှစ်က ကိုဗစ်-၁၉ ရောဂါအ ခြေအနေကြောင့် မဟာဘုံကထိန်ပဒေသာပင်များကို မြို့တွင်းလှည့်လည်နိုင်ခြင်းမရှိခဲ့သော်လည်း ယခုနှစ်တွင် အများပြည်သူ ကြည်ညိုသဒ္ဒါစိတ်ပွားများစေရန် မြို့တွင်းလှည့်လည်သွားမည် ဖြစ်ကြောင်း၊ စည်ကားသိုက်မြိုက်စွာ ဆက်ကပ်လှူဒါန်း နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်း၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေး စနစ်တကျစာရင်းပြုစု၍ သက်ဆိုင်ရာကျောင်းတိုက်များ အလိုက် ငွေပဒေသာပင်နှင့် ကထိန်သင်္ကန်းများကို ဆက်ကပ်လှူဒါန်းကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကော်မတီအလိုက် ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း  ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များက (၁၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သ င်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆွေးနွေးတင်ပြကြပြီး သက်ဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူးများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)