စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၂) သို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၂) သို့တက်ရောက်



MNP ၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၂) ကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၏ ပထမ ၆ လ ပတ်တွင် စက်မှုကဏ္ဍ ၄ ခု၊ ဝန်ဆောင်မှုကဏ္ဍ ၁ ခု၊ စုစုပေါင်း ၅ ခု ရင်းနှီးမြုပ်နှံခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၅၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ ယခုဒုတိယ ၆ လပတ်ကာလတွင်လည်း ရင်းနှီးမြုပ်နှံဝင်ရောက်လာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် မြေဆီမြေလွှာကောင်းမွန်ပြီး စိုက်ပျိုးရေးအတွက် သင့်တော်သောကြောင့် ဆန်နှင့်ပတ်သက်၍ ထုတ်လုပ်မှုကောင်းအောင်လုပ်ရန် လိုအပ်သလို တိုင်းပြည်အတွက် Food Security အားကောင်းရန် လိုအပ်တာကြောင့် စိုက်ပျိုးရေးအခြေခံသည့် ရင်းနှီးမြုပ်နှံမှုများကို အားပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းများအား တည်ဆောက်ကာလများ သက်တမ်းတိုးခွင့်ပြုပေးခဲ့ပြီး တိုင်းဒေသကြီးအတွင်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် စက်မှုဇုန်များတွင်လည်း စက်မှုလုပ်ငန်းရှင်များအား ဦးစားပေးဖိတ်ခေါ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ Mandalay Beverages Enterprise Co.,Ltd မှ သဘောထားမှတ်ချက် တောင်းခံလာခြင်းကိစ္စ၊ Ma Du Co.,Ltd မှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် မြေလွတ်၊မြေလပ်၊မြေရိုင်း လျှေက်ထားသော ဧရိယာနှင့် ပတ်သက်၍ တင်ပြလာခြင်း၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Min Khant Soe Co.,Ltd မှ တည်ဆောက် ရေးကာလ ပထမအကြိမ်တိုးမြှင့်ခွင့်ပြုပါရန်တင်ပြလာခြင်း၊ Naing Soe Bo Co.,Ltd မှ တည်ဆောက်ရေးကာလ ဒုတိယအကြိမ် တိုးမြှင့်ခွင့်ပြုပါရန်တင်ပြလာခြင်းနှင့် စက်တင်ဘာလ အတွင်း ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့မှုများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ကုမ္ပဏီလီမိတက်များမှ တာဝန်ရှိသူများက လုပ်ငန်း များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။


ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)