နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်အပ်နှင်းသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် ရဲဗလတံဆိပ် အပ်နှင်းပွဲ အခမ်းအနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်အပ်နှင်းသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် ရဲဗလတံဆိပ် အပ်နှင်းပွဲ အခမ်းအနားပြုလုပ်

 



MNP - အောက်တိုဘာ  ၂၈


နိုင်ငံတော်တာဝန်ထမ်းဆောင်စဉ် ထိုခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသွားကြသူများအတွက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်အပ်နှင်းသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရွှေဖြင့်ပြုလုပ်ထားသော ရဲဗလတံဆိပ်အပ်နှင်းပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်း ရေးမှူး ရဲမှူးဇော်လင်းထိန်မှ ရဲဗလတံဆိပ် ချီးမြှင့်အပ်နှင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအု်ပချုပ်ရေးကောင်စီမှ ချီးမြှင့်အပ်နှင်းသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် (၁၄ပဲရည်)ရွှေ ၂ကျပ်ခွဲသားဖြင့် ပြုလုပ်ထားသော ရဲဗလတံဆိပ်ကို ထိခိုက်ဒဏ်ရာ ရရှိသောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၁)ဦးနှင့် ရာအိမ်မှူး(၃)ဦးတို့အားလည်း ကောင်း၊ သေဆုံးသွားသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၇)ဦးနှင့် ရာအိမ်မှူး(၁)ဦးတို့အတွက် ကျန်ရစ်သူမိသားစုဝင်များကို လည် းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - စိုးကျော်သူထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)