MNP - အောက်တိုဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင် ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် သင်ခန်းစာ သင်ကြားခြင်း၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပြဇာတ်တို ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဂျိုဝါးနာက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအကြောင်း၊ အန္တရာယ်ကြီးမားပုံနှင့် ကြိုတင်တားဆီး ကာကွယ်နိုင်ရန်၊ ဆောင်ရန်ရှောင်ရန်များကို ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြောပေးခဲ့ပြီး အထက်တန်းပြဆရာမ ဒေါ်နော်ဂျော့ဂျက်က မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး သင်ခန်းစာများအား သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အသိပညာပေး ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပြဇာတ်တို ပြိုင်ပွဲများပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ (၁၂၁) ဦးတို့က မိမိတို့ ကြိုက်နှစ်သစ်ရာ ကဏ္ဍများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သတင်း - ခင်လေးနွယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment