Pages

Pages

ငွေကြေးဖောင်းပွခြင်း ထိန်းချုပ်ရန်အတွက် အိမ်၊ ခြံ၊ မြေ၊ ပိုင်ဆိုင်မှု ဥပဒေ သတ်မှတ်ပြဋ္ဌာန်း ဟု ခေါင်းစဉ်တပ်၍ ပြည်ဖျက်အုပ်စုက မဟုတ်မမှန် လုပ်ကြံဖန်တီး ဖြန့်ဝေလျက်ရှိ

 


MNP ၊ အောက်တိုဘာ ၂၅

နိုင်ငံတော်တံဆိပ်ကို အလွဲသုံးစားပြုလုပ်၍ ပြည်ဖျက်အုပ်စုက ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ငွေကြေးဖောင်းပွခြင်း ထိန်းချုပ်ရန်အတွက် အိမ်၊ ခြံ၊ မြေ၊ ပိုင်ဆိုင်မှု ဥပဒေ သတ်မှတ်ပြဋ္ဌာန်း ဟု ခေါင်းစဉ်တပ်၍ ဖြန့်ဝေလျက်ရှိသည်ကို တွေ့မြင်ရသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေထားခြင်းသာဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားမှုများမှာ ယုတ္တိမရှိဘဲ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေရန် ရေးသားထားမှုများသာ ဖြစ်ကြောင်း အများပြည်သူသိစေရန် ဖော်ပြအပ်ပါသည်။

နိုင်ငံရေးအစွန်းရောက်များနှင့် ၎င်းတို့၏ ပြည်ဖျက်မီဒီယာအုပ်စုများသည် နေ့စဉ်ပြည်သူတို့၏ လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့စေရန် နည်းမျိုးစုံဖန်တီး လုပ်ဆောင်လျက်ရှိရာ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လျှက်ရှိသော ငွေကြေးဖောင်းပွခြင်း ထိန်းချုပ်ရန်အတွက် အိမ်၊ ခြံ၊ မြေ၊ ပိုင်ဆိုင်မှု ဥပဒေ သတ်မှတ်ပြဋ္ဌာန်း ဟု ခေါင်းစဉ်တပ်၍ ဖြန့်ဝေထားသော စာမှာ နိုင်ငံတော် အမှတ်တံဆိပ်များကို အလွဲသုံးစားလုပ်၍ မဟုတ်မမှန် လုပ်ကြံဖန်တီး ဖြန့်ဝေထားခြင်း ဖြစ်ကြောင်း အများပြည်သူ သိရှိနိုင်စေရန် ဖော်ပြအပ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment