MNP ၊ အောက်တိုဘာ ၂၅
မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်၊ လုပ်ကြံသတ်ဖြတ်မှုများကို ကျူးလွန်နေသည့် NLD ပြည်ဖျက်အုပ်စုက ဖွဲ့စည်းထားသော CRPH, NUG ပြည်ပြေး ဝရမ်းပြေးများ ရန်ပုံငွေရှာဖွေရေးကမ်ပိမ်း ထပ်မံလုပ်ဆောင်မည်ဟု လှုံ့ဆော်ထားသည်ကို တွေ့ရသည်။
၎င်းတို့၏ လှုံ့ဆော်မှုတွင် "ပွင့်လင်းရာသီရောက်လာတာနဲ့အတူ နိုင်ငံအနှံ့ တိုက်ပွဲတွေပြင်းထန်လာတာ ပြည်သူတွေလည်း မျက်မြင်ကိုယ်တွေ့ဖြစ်ပါလိမ့်မယ်။ တိုက်ပွဲတွေပြင်းထန်လာတာနဲ့အမျှ စစ်ရေးအသုံးစရိတ် ကလည်း ပိုမိုလိုအပ်လာပါတယ်။ လိုအပ်ချက်တွေကို နည်းမျိုးစုံနဲ့ဖြည့်တင်းနိုင်ဖို့ ကြိုးစားနေကြပေမယ့် ကြီးကြီးမားမား စစ်ရေးအသုံးစရိတ်လိုအပ်လာတဲ့အခါမျိုးမှာတော့ fundraising campaign တွေပြုလုပ်ပြီး ပြည်သူတွေရဲ့ကူညီထောက်ပံ့မှုတွေကိုရှာဖွေရပါတယ်။ ဒီတစ်ခေါက်ကျနော်တို့ရဲ့ fundraising campaign နာမည်ကို "ပန်းသီရင်း ဓားသွေးမယ်" လို့အမည် ပေးထားပါတယ်။ ဒီအမည်ပေးဖြစ်တာကတော့ဒီ Campaign မှာ လက်ဆောင်ပြန်ပေးမယ့် ကဗျာဆရာ သစ်သွင်မှူးရဲ့ "ပန်းသီရင်း ဓါးသွေးခဲ့ရ၏" ဆိုတဲ့ စာအုပ်အမည်ကိုယူထားတာပါ။" ဟု လှုံ့ဆော်ထားသည်။
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက် အုပ်စုများအနေဖြင့် ဒီကမ်ပိန်းကို နှစ်ပတ်တိတိပြုလုပ်သွားမှာဖြစ်ကြောင်း၊ ကမ်ပိန်းကနေ သိန်းတစ်ထောင်ရဖို့ မျှော်မှန်းထားကြောင်း၊ ရရှိလာသမျှရံပုံငွေတွေကို ဒေါနစစ်ကြောင်းရဲ့ စစ်ရေးအသုံးစရိတ် (လန ၊ ခဲယမ်း ဖြည့်တင်းမှု) အတွက် အပြည့်အဝအသုံးချသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် စလုံး ၊ မလေးရှား ၊ ထိုင်း ၊ ကိုရီးယား ၊ ဂျပန် ၊ ဩစတေးလျ ၊ ဒိန်းမတ် နဲ့ US တို့ကနေလည်း တိုက်ရိုက်ထောက်ပံ့နိုင်ကြောင်း၊ ဒီ Campaign မှာ ပါဝင်ကူညီသူတိုင်းကို ကဗျာဆရာ ရဲဘော် သစ်သွင်မှူးရဲ့ "ပန်းသီရင်း ဓားသွေးခဲ့ရ၏" ဆိုတဲ့ ကဗျာစာအုပ် (E-book version) လေးကို လက်ဆောင်ပြန်လည်ပေးအပ်သွားမှာဖြစ်ကြောင်း ဖြင့် အလှူခံမှုများ ပြုလုပ်နေသည်ကို တွေ့မြင်ရသည်။
ပြည်တွင်းမှသူများ Candle - ဖယောင်းတိုင် Page မှတစ်ဆင့် ဆက်သွယ်နိုင်ပြီး ပြည်ပမှသူများ We Are One အဖွဲ့ရဲ့ Facebook page ကနေ တိုက်ရိုက်ကူညီထောက်ပံ့ပေးနိုင်ကြောင်းဖြင့် ပြည်ဖျက်အုပ်စု၏ လူမှုကွန်ရက်စာမျက်နှာများတွင် စတင်လှုံ့ဆော်နေပြီဖြစ်သည်။
NLD အစွန်းရော ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်များသည် ပြည်တွင်း ပြည်ပ မြန်မာနိုင်ငံသားများထံမှ အလှူခံ၍ ပြည်သူတို့၏ ကိုးကွယ်ရာ သံဃာတော်များ၊ အပြစ်မဲ့ ပြည်သူများကို နည်းမျိုးစုံဖြင့် ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။ ပြည်ပတွင် အလုပ် လုပ်ကိုင်ပြီး PDF အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ပေးနေသည့် ညီငယ်လေးတစ်ဦး၏ ဖခင်ကိုလည်း PDF အကြမ်းဖက်သမားများက ဒလန်အဖြစ် စွပ်စွဲကာ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment