MNP ၊ အောက်တိုဘာ ၂၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့အင်္ဂါရပ် နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှု ရှိစေရေး အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်ကာ ခရိုင်/မြို့နယ် စီမံ အုပ် ချုပ် ရေး အဖွဲ့ ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင် ရာများ နှင့် ပြည်သူများက အမှတ်(၆) အခြေခံပညာမူလတန်းလွန်ကျောင်း နှင့် ကျောင်း အနီးတစ်ဝိုက်ရှိ လမ်း တစ်လျှောက် ယနေ့ နံနက် ၇ နာရီအချိန်က စုပေါင်း သန့် ရှင်းရေး ပြုလုပ်ခဲ့ကြ သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ ၊ မီးသတ် တပ်ဖွဲ့ဝင်များ ၊ ပြည်သူ များ စုစု ပေါင်း အင် အား ၁၀၀ ခန့်က အဖွဲ့များခွဲကာ အမှတ်(၆)အခြေခံပညာ မူလတန်းလွန်ကျောင်းအတွင်းအပြင်ရှိ အနီး အနား ရှိ အမှိုက် သရိုက် များ ၊ မြက်ပင် ၊ ပေါင် ပင် များအား ခုတ်ထွင် ရှင်းလင်းခြင်း ၊ တံမြက်စည်း လှဲခြင်း ၊သန့်ရှင်း သာ ယာလှပစေရေး အတွက်စုပေါင်း သန့်ရှင်း ရေး ပြုလုပ် ခဲ့ကြပြီး အဆိုပါကျောင်းအနီးတစ်ဝိုက်ရှိ လမ်း တစ်လျှောက် လမ်းဘေး ဝဲယာတွင် ခရိုင်/ မြို့ နယ် အဆင့် ဌာနဆိုင် ရာများ၊ စည်ပင် သာယာရေးအဖွဲ့ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ ပြည်သူ များ နှင့် တာဝန်ရှိ သူ များက ပလက်စ တစ်အမှိုက်များ၊ စွန့်ပစ်အမှိုက်များ ကို ကောက်ယူပြီး စည်ပင် သာယာရေး အဖွဲ့က အမှိုက်သိမ်း ကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ် ဆောင်ရွက်ခဲ့ ကြောင်း သိရ သည်။
အောင်ကျော်စိန် ၊ သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment