မုဒုံမြို့နယ်တွင် တန် (၆၀) ကျ ဆန်ကြိတ်ခွဲစက် တည်ဆောက်မည့်လျာထားမြေနေရာ သတ်မှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ်တွင် တန် (၆၀) ကျ ဆန်ကြိတ်ခွဲစက် တည်ဆောက်မည့်လျာထားမြေနေရာ သတ်မှတ်


MNP ၊ အောက်တိုဘာ ၂၅

မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များကိုအခြေခံသည့် ပြည်တွင်းထုတ်ကုန်များ ပိုမိုအားကောင်းစွာ ထုတ်လုပ်နိုင်ရန်နှင့် ဒေသတွင်းတောင်သူများ စီးပွားရေး အခွင့်အလမ်းများ ကောင်းမွန်စေရန် ရည်ရွယ်၍ မုဒုံမြို့နယ်တွင် တန် (၆၀) ကျဆန် ကြိတ်ခွဲစက် တည်ဆောက်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ငွေမိုးဟိုတယ်၌ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အောင်သဇင် စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည်။


ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်သည် စီးပွားရေးအရ အချက်အချာကျသော ပြည်နယ်ဖြစ်ပြီး ကုန်းလမ်းသာမက ရေလမ်းဖြင့်လည်း ကုန်စည်စီးဆင်းမှုလွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ကြောင်း၊ မိုးစပါး ရာနှုန်းပြည့် ကျော်လွန်စိုက်ပျိုးပြီး နွေစပါးအပါအဝင် အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ဆန်စပါးကို ဒေသအတွင်း စားသုံးမှုဖူလုံသည့်အပြင် အခြားဒေသများနှင့် ပြည်ပသို့တင်ပို့နိုင်ရေး ဆောင်ရွက်ရန်၊ မိရိုးဖလာစိုက်ပျိုးခြင်းထက် ခေတ်မီနည်းပညာများကိုအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ဆန်ကြိတ်စက်ကြီးများတည်ထောင်ခြင်းဖြင့် ဆန်နှင့်စိုက်ပျိုးရေးထုတ်ကုန်များ အရည်အသွေး မီထုတ်လုပ်ရန်၊ တောင်သူများ ဝင်ငွေ တိုးတက်ရေးအတွက် ကာလတို၊ ကာလရှည် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် ပြောကြားသည်။ ဆက်လက်၍ အောင်သဇင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက တန် (၆၀) ကျ ဆန်ကြိတ်ခွဲစက် တည်ဆောက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဒေသတွင်းစပါးစိုက် တောင်သူများနှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်းကာ စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ကောင်းမွန်စွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များ၊ လယ်ယာသုံးစက်ကိရိယာများ အငှားစနစ်ဖြင့် ကူညီထောက်ပံ့မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ထို့နောက်တက်ရောက်လာသူများက တောင်သူများအတွက်လိုအပ်သော သွင်းအားစုများ ဖြည့်ဆည်းရေး၊ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ၊ စိုက်ပျိုးစရိတ် ထုတ်ပေးနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ မုဒုံမြို့နယ် တာပတွန်ကျေးရွာတွင် တန်(၆၀)ကျ ဆန်ကြိတ်ခွဲစက်တည်ဆောက်မည့် လျာထားမြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သားငယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)