ပွင့်ဖြူမြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

 


MNP - အောက်တိုဘာ  ၁၅


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်(၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့၊ အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်းက သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းနှင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် တွေ့ကြုံလာပါက ဒေသခံပြည်သူလူထုအား အသက်အန္တရာယ်ကင်းဝေးစေရန်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ လေ့လာသင်ယူ ခဲ့ရသည့် အခြေခံရှေးဦးပြုစု နည်းပညာရပ်များကို လက်တွေ့အကျိုးရှိရှိ အသုံးချ ကူညီဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြား သည်။ ထို့နောက် ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေကျော်က သင်တန်းသားများကိုယ်စား သင်တန်းဖွင့်လှစ် သင်ကြားပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်းနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားကိုယ်စားလှယ်တစ်ဦးထံ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို အောက်တိုဘာ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အခြေခံ အသက် အထောက်အကူပြုစုနည်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာများ၊ အဆိပ်သင့်ခြင်းသတ္တဝါများနှင့် ပိုးမွှားများကိုက်ခြင်းအန္တရာယ်ပြုစုနည်း ၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်းပြုစုနည်း၊ ကျောရိုးတန်းမကြီး ဒဏ်ရာပြုစုနည်း၊ ကြပ်အသုံးပြုပုံ/ ကိုင်တွယ်ခြင်းနှင့် လူနာ သယ်ဆောင်ခြင်းနည်းစနစ်များ ၊ ရှေးဦးပြုစုခြင်းအဓိပ္ပါယ်နှင့် သိကောင်းစရာများ စသည့် အခြေခံရှေးဦးပြုစုနည်းသင်ခန်းစာများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပြီး သင်ခန်းစာများအပေါ် ဆန်းစစ်အကဲဖြတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရကာ ယင်းသင်တန်း ကို ပွင့်ဖြူမြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၆၄ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)