(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲ ပြုလုပ်








MNP - အောက်တိုဘာ  ၂၀


ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကော့သောင်းမြို့၊ ဆယ်မိုင်ကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့မွန်းလွဲပိုင်းက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ဓာတ်ပုံပြပွဲ ပြုလုပ်ကျင်းပသည်။


ရှေ့ဦးစွာ ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူများအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက မြန်မာနိုင်ငံ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ ကျောင်းနေအရွယ် ကလေးဘဝမှစတင်ကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ နိုင်ငံတော်နှင့် အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းကာကွယ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်၏အရေးပါမှု စသည့်ဗဟုသုတဖြစ်ဖွယ်များနှင့် သိမှတ်ဖွယ်ရာများအား အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းဆိုင်ရာ အသိပညာပေး စိတ်ဝင်စားဖွယ်ရာ မှတ်တမ်းဓာတ်ပုံနှင့် နံရံကပ်စာစောင်များအား ခင်းကျင်းပြသပေးရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သတင်း - ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)