ကန့်ဘလူမြို့တွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဆက်လက်ရောင်းချပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့တွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဆက်လက်ရောင်းချပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး




MNP - အောက်တိုဘာ   ၁၄


ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ စည်ပင်သာယာခန်းမတွင် ယနေ့နံနက် ၇ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ထွေ/အုပ်ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တန်ဖိုးသင့် စားသောက်ကုန်များကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ရောင်းချပေးရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် တစ်ပြည်၊ ဆီ ၁၀ ကျပ်သား၊ ကြက်သွန်နီ ၂၀ ကျပ်သား၊ ငါးခြောက် ၂၀ ကျပ်သား (ငါးခြောက် သို့မဟုတ် ကြက်ဥ ငါးလုံး) စသည့် ပစ္စည်းလေးမျိုးတို့ကို ငွေကျပ် ၃၀၀၀ ဖြင့် ရောင်းချပေးခဲ့ရာ အိမ်ထောင်စု ၃၀၀ စုအတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသာ်။


အဆိုပါစည်ပင်သာယာခန်းမတွင် ကျန်းမာရေးဝန်ထမ်းများက အခြေခံစားသောက်ကုန်လာ ရောက်ဝယ်ယူသူ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဝေဒနာရှင်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဝင်းငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)