MNP - အောက်တိုဘာ ၉
၁၃၈၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် သီတင်းကျွတ် လပြည့်နေ့သည် (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည့် အားလျော်စွာ ဗုဒ္ဓဘာသာဝင်ပြည်သူများသည် တာဝတိံသာနတ်ပြည်၌ မယ်တော်သန္တုသိတနတ်သားအား အမှူးထား၍ အဘိဓမ္မာဒေသနာတော် ဟောကြားတော်မူပြီး တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီလာသော မြတ်စွာဘုရားရှင် အားရည်မှန်း၍ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ထွန်းညှိပူဇော်သော နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်သည်။
ထိုသို့ နေ့ထူးနေ့မြတ်၌ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် သမိုင်းဝင်ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် ၁၃၈၄ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) နံနက်ပိုင်းတွင် မြို့နယ်(၁၂)ရပ် ကွက်ရှိ ဘာသာရေးဝတ်အသင်းများ၊ ဘုရားဖူးလာရောက်သူတရားနာ ပရိတ်သတ်များက အဘိဓမ္မာဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဗိုလ်တထောင်ကျောင်းသား ဟောင်းများအသင်းက ဘုရားဖူးလာရောက်ကြသော ပြည်သူများအား စတုဒီသာများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်း - မေနှင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment