MNP - အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် မိုးစပါးစိုက်တောင်သူများကို နိုင်ငံတော်သတ်မှတ်ဈေးနှုန်းဖြင့် ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်မြေဩဇာအိတ်များထောက်ပံ့ပေးအပ်ပွဲသို့ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ မြို့နယ်စိုက်ပျိုးရေးမန်နေဂျာ ဦးကျော်သိန်းထွန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူလယ်သမားများတက်ရောက်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးမှ ဧက ၁၀၀၊ တစ်ဧကတင်း ၁၀၀ အထက်ထွက်ရှိရေး၊ နွေးစပါးအား ကွက်လပ်မကျန်စိုက်ပျိုးနိုင်ရေး၊ နေကြာသီးသန့်၊ သီးညှပ်စိုက်ပျိုးနိုင်ရေးနည်းလမ်းများကို တောင်သူဦးကြီးများအား ရှင်းလင်းပြောကြားကာ နိုင်ငံတော်သတ်မှတ်ဈေးနှုန်းဖြင့် ဓာတ်မြေဩဇာအိတ်များကို တောင်သူများလက်ဝယ်အရောက် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - ဟိန်းထက်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment