မိုးညှင်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကလျှင် တင်း၁၀၀ကျော် ထွက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကလျှင် တင်း၁၀၀ကျော် ထွက်ရှိ



MNP - အောက်တိုဘာ   ၂၄


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာအုပ်စု၌ တောင်သူ ဦးထွန်းထွန်း၏ လယ်မြေကွင်းအမှတ် ၃၁၈၊ ဦးပိုင်အမှတ် ၂၈/၂ ရှိ စိုက်ဧက ၂ ဒဿမ ၁၉ ဧကတွင် ယနေ့နံနက်ပိုင်းက ဆင်းဧကရီ-၃ မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။


 အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမင်းဇော်နှင့် တောင်သူများက ပါဝင်ပူးပေါင်း ရိတ်သိမ်းခဲ့ကြပြီး ဆင်းဧကရီ-၃ မိုးစပါး တစ်ဧကလျှင် တင်း ၁၂၀ ဒဿမ ၁၂ တင်း ထွက်ရှိကြောင်း သိရသည်။


 မိုးညှင်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၆၀ ရှိ၍ ဒေသရေမြေနှင့် ကိုက်ညီသော အထွက်ကောင်း မျိုးသန့်စပါးဖြစ်သည့် ဆင်းဧကရီ-၃ စပါးမျိုးကို တောင်သူများက အများဆုံး ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ အခြားစပါးမျိုးများ ဖြစ်သည့် ငွေတိုး၊ ကောက်ညှင်းစသည့် စပါးမျိုးများကိုလည်း စိုက်ပျိုးကြလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - ရွှေမိုးညှင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)