နတ်တလင်းမြို့တွင် ဗုဒ္ဓမြတ်စွယ်တော်အား ရတနာ့ဗိမာန်တော်ကြီးတွင် အများပြည်သူများ ကြည်ညိုဖူးမြော်နိုင်ရန် စီစဉ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်တလင်းမြို့တွင် ဗုဒ္ဓမြတ်စွယ်တော်အား ရတနာ့ဗိမာန်တော်ကြီးတွင် အများပြည်သူများ ကြည်ညိုဖူးမြော်နိုင်ရန် စီစဉ်ဆောင်ရွက်




MNP - အောက်တိုဘာ  ၂၄


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၏ အထင်ကရ သကျမဟာမြတ်မုနိဘုရားကြီး ဂန္ဓကုဋီတိုက်အတွင်းရှိ ဗုဒ္ဓမြတ်စွယ်တော်တိုက်တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော မြတ်ဗုဒ္ဓ၏ အထက်လက်ဝဲစွယ်တော်ပွားတစ်ဆူ၊ အောက်လက်ဝဲစွယ်တော်ပွားတစ်ဆူနှင့် ရဟန္တာဓာတ်တော်များအား အပူဇော်ခံအခမ်းအနား ကျင်းပခြင်းအစည်းအဝေးကို သကျမဟာမြတ်မုနိဘုရားကြီး ဓမ္မာရုံတွင် ယမန်နေ့နေ့လည်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဗုဒ္ဓပူစနိယပွဲတော်ကို  ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၃) ရက်နေ့နံနက် ၈နာရီအချိန်တွင် မြတ်စွယ်တော်အား စွယ်တော်တိုက်အတွင်းမှ ပင့်ဆောင်၍ ဆရာတော်ကြီးများမှ ဗုဒ္ဓဘိသေကအနေက ဇာတင်ဆောင်ရွက်ပြီး သီလခံယူဆောက်တည်ပြီး ဂန္ဓကုဋီတိုက်တော်ကြီးအား လက်ျာရစ်သုံးပတ် ပူဇော်ပြီး ရတနာ့ဗိမာန်တော်ကြီးတွင် ဗုဒ္ဓမြတ်စွယ်တော်အား တန်ဆောင်မုန်းလဆန်း (၁၃)ရက်နေ့မှ တန်ဆောင်းမုန်းလပြည့်နေ့အထိ နံနက် (၇)နာရီမှည( ၇)နာရီအထိ အပူဇော်ခံထားရှိမည်ဖြစ်ပြီး ပြည်သူများမှ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းများ ဆပ်ကပ်လှူဒါန်းနိုင်ကြောင်းနှင့် တန်ဆောင်းမုန်းလပြည်ကျော် (၁)ရက်နေ့၊ နေ့လည့် (၁)နာရီတွင် ၆မိုင်ပတ်လည်အတွင်း သီတင်းသုံး နေထိုင်တော်မူကြသော ကျောင်းထိုင်ဆရာတော်ကြီးများအား ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ထားထားဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)