ဧရာဝတီတိုင်းဒေသကြီး စီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး စီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးပွဲ



MNP - အောက်တိုဘာ  ၂၄


ဧရာဝတီတိုင်းဒေသကြီး စီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တတ်ရောက်ကြသည်။


အလုပ်ရုံဆွေးနွေးပွဲတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “တိုင်းဒေသကြီး၏ စီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များအားလုံး ဖိတ်ကြားထား ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs)မှ  စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ဒေသထွက်ကုန်ကြမ်းများအား အသုံးပြု၍ အရည်အသွေးပြည့်မီသည့် ကုန်ချောများထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအနေဖြင့် ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းရရှိစေရေး မိရိုးဖလာ စိုက်ပျိုးမှုများအပြင် သိပ္ပံနည်းကျ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ အသုံးပြု၍ Eating Quality ပြည့်မီသည့် အရည်အသွေးပြည့် ဆန်များထုတ်လုပ်နိုင်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မွေးမြူရေးနှင့် သားငါးထုတ်လုပ်နိုင်မှုတွင်လည်း တိုင်းဒေသကြီးအနေဖြင့် ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းများ၊ မြစ်ချောင်းအင်းအိုင်များ၊ မွေးမြူရေးကန်များဖြင့် စနစ်တကျမွေးမြူခြင်း၊ နိုးစားနွား၊ အသားတိုးနွားများ စနစ်တကျ မွေးမြူခြင်း၊ အသားတိုးဝက် စနစ်တကျမွေးမြူခြင်း၊ ဥစားကြက်၊ အသားစားကြက်များ စနစ်တကျမွေးမြူခြင်း စသည့်လုပ်ငန်းများဖြင့် ပြည်ပပို့ကုန်မြှင့်တင်နိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထင်းအစားထိုးလောင်စာ၊ စပါးခွံသုံးလောင်စာ ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုပါကြောင်း၊ အဆင့်မြင့်စက်ရုံ၊ အလုပ်ရုံများ စနစ်တကျလည်ပတ် ဆောင်ရွက်နိုင်စေရေး ခရိုင်အလိုက် စက်မှုဇုန်များ တည်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ဆီဖူလုံမှု ရှိစေရေးအတွက် ဆီထွက်သီးနှံ မြေပဲ၊ နှမ်းစိုက်ပျိုးခြင်းများအပြင် နေကြာတိုးချဲ့ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖွဲနုဆီထုတ်လုပ်နိုင်ရေးအတွက် ဖွဲနုဆီစက်များ လည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ One Region One Product ထုတ်လုပ်နိုင်ရေး အရည်အသွေးမြင့် ကုန်ထုတ်လုပ်ငန်းများ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်ကြရန် လိုပါကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးစီးပွားဖွံ့ဖြိုးမှု မြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ် ဆွေးနွေးပေးကြစေလိုကြောင်း” ပြောကြားသည်။


ဆက်လက်၍  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေးကအလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံကို ဆွေးနွေး ပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားသည်။ ထို့နောက် တိုင်းဒေသကြီးဌာနဆိုင်ရာများနှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသူများက တိုင်းဒေသကြီး စီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)