ကျောက်ဖြူမြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ပါးစပ်နှာခေါင်းစည်းများ ဖြန့်ဝေပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ပါးစပ်နှာခေါင်းစည်းများ ဖြန့်ဝေပေး





MNP ၊  အောက်တိုဘာ  ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ (ကျောက်ဖြူ-မအီ) အဝေးပြေးကားလမ်းပေါ်ရှိ မြို့အဝင်စုပေါင်း စစ်ဆေးရေးဂိတ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယနေ့၊ နံနက် (၁၀)နာရီအချိန်တွင် ခရီးသွား ပြည်သူများနှင့် ဈေးရောင်း၊ဈေးဝယ်လာရောက်ကြသူများကို  ပါးစပ်နှာခေါင်းစည်း(Mask)များဖြန့်ဝေပေး ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်း ဦးဆောင်၍ အဖွဲ့ဝင် များက ကျောက်ဖြူမြို့သို့ အနယ်နယ်အရပ်ရပ်မှ ပြေးဆွဲသော မော်တော်ယာဉ်လိုင်းများတွင် လိုက်ပါ လာကြသည့် ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ဈေးဝယ်လာရောက်ကြသူများနှင့် ရုံးပိတ်ရက်များတွင် ဘုရားဖူးလာရောက်ကြသူများအား ပါးစပ်နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခဲ့သည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်ရှိပြီး မြို့နယ်အချို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများပြားလာသဖြင့် ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ပါးစပ်နှာခေါင်းစည်း(Mask) အခု ၁၅၀၀ ခန့်ကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)