၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၁၄


၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်း အမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ နှစ်စဉ်အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် အတည်ပြု သတ်မှတ်ခဲ့ပါကြောင်း၊  ကမ္ဘာ့ကုလသမဂ္ဂက ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်း အနားအတွက်  “Early Warning and Early Action For All” “ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျင် ဆောင်ရွက် အားလုံးအတွက်” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားရန် သတ်မှတ်ခဲ့ပါ ကြောင်း၊ ဘေးအန္တရာယ်များအတွက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့တွင် ထိရောက်စွာ စီမံဆောင်ရွက်နိုင်ရန် စနစ်ကျသော၊ ပြည့်စုံသော ကြိုတင်ပြင်ဆင်မှုသည်အဓိကဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် ဘေးအန္တရာယ် လျှော့ချရေး ကြိုတင်ဆောင်ရွက်ထားရှိမှုသည် အရေးပါသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ ခုနှစ်၊ မက်လ ၂၁/၂၂ ရက်ကဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်းငယ် အတွက် ကြိုတင်သတိပေးချက်များအား (၂)ရက်ခန့် ကြိုတင်သတိပေးနိုင်ခဲ့ပြီး တဆက်တည်း ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည့်အတွက် အသက်အန္တရာယ်ထိခိုက်မှုမရှိခဲ့ခြင်း၊ ငါးဖမ်းလှေများ တိမ်းမှောက် ခြင်း၊ ပျက်စီးမှု မရှိခဲ့ခြင်းအပြင် သားငါးကဏ္ဍ၊ ဆားလုပ်ငန်းတွေလည်းထိခိုက်ဆုံးရှုံးမှု မရှိခဲ့ခြင်းအားဖြင့် ယခုနှစ်သဘာဝဘေးဆောင်ပုဒ်ရဲ့ အရေးပါမှုကို တွေ့ရမှာဖြစ်ပါကြောင်း၊ စနစ်ကျသော ဖွံ့ဖြိုး တိုးတက်ရေးသည် ဘေးအန္တရာယ်ရဲ့ ထိခိုက်ဆုံးရှုံးနိုင်ခြေကို လျော့ချနိုင်ခြင်း၊ အနိုင်ယူနိုင်ခြင်းအဖြစ် မြင်တွေ့ရမှာဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်သည့်အခါ ပထမဦးစွာ ထိခိုက်ဆုံးရှုံးမှု နည်းအောင် ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့အပိုင်းက ပိုအရေးကြီးပြီး ကြိုတင် ပြင်ဆင်ခြင်းအပိုင်းမှာလည်း ကြိုတင်သတိပေးစနစ်နဲ့ ကြိုတင်ပြင်ဆင်ခြင်းစနစ်က လွန်စွာကောင်းရမယ်၊ အချိန်မီသိ၊ အချိန်မီဆောင်ရွက် တုံ့ပြန်နိုင်မှသာ ကျရောက်လာတဲ့ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် Head of UNDRR (ကုလသမဂ္ဂ ဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးဌာနအကြီးအကဲ) Ms. Mizutori (မစ္စစ် မီဇူတိုရီ)မှ ပြောကြားသည့် အပြည်ပြည် ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (IDDRR) အထိမ်းအမှတ် သတင်း စကား Video Clip နှင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (IDDRR) အထိမ်းအမှတ် Video Clip ပြသမှုတို့အား ကြည့်ရှုခဲ့ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (IDDRR) အထိမ်းအမှတ် ပြခန်းများအား လှည့်ကြည့်ရှု အားပေးသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် နေပြည်တော်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာပြခန်းတွင် ပြသနိုင်ရန်အတွက် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တင်ပြ ဆောင်ရွက်နိုင်ရေး လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဇင်ရွဲလေးကျေးရွာတွင် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်နေမှုများကို တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး Command and Control Center တွင် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့‌သည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)