ပေါင်မြို့နယ် (အထက) ပေါင်ကျောင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ် (အထက) ပေါင်ကျောင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်





MNP ၊  အောက်တိုဘာ ၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြို့သန့်ရှင်းသာယာ‌ရေးအတွက် ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းပြီး အပတ်စဉ် ဆောင်ရွက်လျှက်ရှိရာ အောက်တိုဘာ (၁)ရက်နေ့  နံနက် ၇ နာရီအချိန်ခန့်က (အထက) ပေါင် ကျောင်း၌ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြသည်။


စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ များ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် တို့က စုပေါင်းကာရေစီးရေလာကောင်း‌မွန်စေရေးတို့အတွက် လမ်းဘေးဝဲယာ ရေနုတ်မြောင်းတစ်လျှောက် အမှိုက်သရိုက်များအား ဆယ်ယူခြင်းနှင့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ လမ်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အင်အား (၇၅)ဦး ကျော်ဖြင့် တပျော်တပါး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

     

ပေါင်မြို့နယ်သည် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးတိုအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျှက်ရှိပြီး မြို့တွင်းလမ်းများ၊ ရေနုတ်မြောင်းများ၊ စာသင်ကျောင်း၊ ဆေးရုံ စသည့် အများပြည်သူအသုံးပြုရာ နေရာများကို ဦးစားပေးကာ လိုက်လံဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)