Pages

Pages

ပိုင်ကျုံမြို့၌ ဖရဲစိုက်ပျိုးသည့်တောင်သူများ ဈေးကောင်းရရှိရန် မျှော်လင့်


 

MNP - အောက်တိုဘာ  ၁၅


ကရင်ပြည်နယ်၊   ဘားအံခရိုင်၊   ပိုင်ကျုံမြို့၊  ပိုင်ကျုံချောင်းကမ်းဘေးရှိ   ကိုင်းမြေများ၌  စိုက်ပျိုးသည့် ဆောင်းသီးနှံရာသီစာ ဖရဲခင်းများ ယခုနှစ်တွင် ပိုမိုစိုက်ပျိုးနေပြီး ယခုနိုဝင်ဘာလမှ ဖရဲသီးများ စတင် ထွက်ရှိတော့မည်ဖြစ်ပြီး ဈေးကွက်တွင် ဈေးကောင်းရရှိရန်မျှော် လင့်နေကြောင်း တစ်ပိုင်တနိုင် ဖရဲစိုက် တောင်သူများထံမှ အောက်တိုဘာလ ၁၃ ရက်က သိရသည်။


"ယခုနှစ်က မိုးကောင်းခဲ့ပြီး ရာသီဥတုကောင်းမွန်မှုကြောင့်   စိုက်ခင်းများဖြစ်ထွန်းမှုအား ကောင်းခဲ့သလို ဖရဲသီးများလည်း အောင်မြင်ဖြစ် ထွန်းခဲ့ပါတယ်။ စိုက်ခင်းများကိုတော့ မိုးအကုန်ဆောင်း အကူးမှာ  စိုက်ပျိုးပြီး အသီးပေါ်ချိန်အထိ ရက်ပေါင်း ၁၀၀ အချိန်ယူရပါတယ်။  ပိုင်ကျုံချောင်း ကမ်းဘေး ကိုင်းမြေများမှာ နှစ်စဉ် မိသားစုတပိုင်တနိုင်ဖရဲများ စိုက်ပျိုးကြပါတယ်။  ယခုနှစ်မှာ မိုးလည်းကောင်းတော့  ဖရဲစိုက် တောင်သူတွေ   ပိုမိုစိုက်ပျိုးကြပြီး   အပင်တွေအတော်အောင် မြင်တယ်။   အသီးတွေလည်း   အောင်မြင်ဖြစ်ထွန်းတယ်။ အသီးတွေထွက်ချိန်မှာ ဈေးကောင်းရောင်းချရဖို့ မျှော်လင့်ပါတယ်"ဟု ဖရဲစိုက်ပျိုးသည့် တောင်သူများ ကပြောသည်။


 ပိုင်ကျုံမြို့တွင် လယ်ယာစိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေးအပြင် မိသားစု စားဝတ်နေရေး အဆင်ပြေစေရေးနှင့် မိသားစုအပိုဝင်ငွေရရှိရေးအတွက် ဆောင်းသီးနှံအဖြစ် ဖရဲများအပြင်  မြေပဲ၊  နှမ်း၊  ပြောင်းနှင့်အခြားသီးနှံမျိုးစုံ  စိုက်ပျိုးကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment